သင့်တစ်ပတ် အသက်တာ စဉ်းစားပါ။

သင့်တစ်ပတ် အသက်တာ စဉ်းစားပါ။

ဘာဖြစ်လို့ အသက်ရှင်တာလဲ။ ဤဘဝနောက်ပိုင်းမှာ သင့်အပေါ်ဘာဖြစ်လာမလဲ။ ဤဘဝနှင့် နောင်ဘဝအကြောင်းကို သင်စဉ်းစားဖို့ ကျွန်ုပ်တို့စိန်ခေါ်ပါတယ်။

ဂြိုလ်တစ်လုံး၌သက်ရှိသတ္တဝါတည်ရှိဖို့ရန် လိုအပ်သော အခြေခံအရာများ သိပ္ပံပညာက အများကြီး တွေ့ရှိခဲ့ပါတယ်။ အသက်သည် သဘာဝအလျောက် စတင်ခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး။ဒါကြောင့်… ဤအာကာသကြီး၌အသက်ရှင်ခြင်းအတွက် ရှုပ်ထွေးဆန်း ကြယ် လှသော ကမ္ဘာမြေကြီး ဘာဖြစ်လို့ တည်ရှိနေသလဲ။ ဤအရာများအားလုံး နောက်ကွယ်မှာ ဒီဇိုင်း ရှိပါသလား။ ဒီဇိုင်းရှိရန် ဒီဇိုင်းဆွဲသူရှိဖို့လိုတယ်။

ဟုတ်ပါတယ်! ဒီဇိုင်းဆွဲသူရှိပါတယ်။သူ့နာမည်ကတော့ဘုရားသခင် ပါ။ ဘုရားသခင်က စကြဝဋာတစ်ခုလုံး၊ကမ္ဘာမြေကြီးနှင့်အတွင်း၌ရှိသမျှသောအရာအားလုံးကို ဖန်ဆင်း တော်် မူတယ်။ သို့သော် သဘာဝနိယာမ၌ စက်ယန္တရားကဲ့သို့ လည်ပတ်ရုံသာ ဖန်ဆင်းတော်မူသည်မဟုတ်။ ထိုအရာများကို ကျော်လွန်၍လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိသော လူသားများကိုလည်း ဖန််ဆင်းတော်မူတယ်။

သို့သော်၊ လွတ်လပ််သော ရွေးချယ်ခွင့်က ပြဿနာ ဖြစ်ပေါ်စေခဲ့တယ်၊ ဖန်ဆင်းရှင်၏ အကြံအစည်တော်ကို ရွေးချယ်ခြင်း၊ သို့မဟုတ် ကိုယ်ကျိုးအတွက်သာ အသက်ရှင်ခြင်း ကို ရွေးချယ်နိုင်တယ်။ လူသားတိုင်း အတ္တဆန်ကြပြီး အပြစ်ဒုစရိုက်ကို ရွေးချယ်ကာ ဘုရားသခင်အား ပြစ်မှားကြတယ်။ ဤအပြစ်များက သင့်ဘဝအဆုံး၌ ပြစ်တင် ရှုတ်ချခြင်း (သို့) တရားစီရင်ခြင်းကို အလိုအလျှောက်ဖြစ်ပေါ်စေမယ်။ ဘုရားသခင် ကင်းမဲ့သောထာဝရနောင်ဘဝနှင့် ကောင်းကင်ဘုံသို့မဝင်နိုင်သောဘဝ ဖန်တီးလာမယ်။

သို့သော်၊ ထိုအနာဂတ် ဘဝမျိုးကို သင့်အတွက် ဘုရားသခင် အလိုတော်မရှိ။ ဘုရားသခင်သည် သင့်ကို ချစ်တော်မူသောကြောင့် ဤဘဝနှင့် နောင်ဘဝ၌ပါ ပေါင်းသင်းဆက်ဆံခြင်းတည်ဆောက်ချင်တယ်။ဒါကြောင့် ဘုုရားသခင် ကိုယ်တော်တိုင် ပြဿနာဖြေရှင်းချက်ကို စီစဉ််တော်မူခဲ့တယ်။

ဘုရားသခင်က သားတော်ယေရှု ခရစ်တော်ကို လောကသို့ စေလွှတ်တော်မူခဲ့တယ်။ တစ်ပါးတည်းသော ပြည့်စုံသော လူသားသခင်ယေရှုက အသက်နှင့် အသွေးတော်ကို သင့်အတွက်လက်ဝါးကားတိုင်တွင်စွန့််တော်မူခဲ့တယ်။ဤနည်းအားဖြင့်သာ လူသားများ အတွက် ကယ်တင်ခြင်းတရား ဖြစ်နိုင်ပါတယ်။ ပြုမိခဲ့သော အပြစ်ဒုစရိုက်မှန် သမျှကြောင့် သင့်အပေါ် ကျရောက်မည့် ဒဏ်ခတ်ခြင်းအတွက် ယေရှုခရစ်တော်သည် သင့်နေရာကို ယူလေပြီ။ သုံးရက်မြောက်သော နေ့၌ ရှင်ပြန်ထမြောက်တော်မူခြင်း သည် သေခြင်းတရားထက် တန်ခိုးကြီးကြောင်း သက်သေပြခဲ့တယ်။ ယခုအခါ သခင်ယေရှုသည် ဘုရားသခင်နှင့်အတူ ကောင်းကင်ဘုံ၌ စံတော်မူတယ်။

ဤအချက်များသည် အချုပ်သာဖြစ်တယ်။ ဘုရားသခင်ချမှတ်တော်မူသော ပေါင်းသင်း ဆက်ဆံခြင်း ဟူမူကား ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းနှင့် သင့်အပြစ်များအတွက် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူကြောင်းကို ယုံကြည် လက်ခံဖို့ဖြစ်ပါတယ်။ ယေရှုခရစ်တော်သည်သင်၏သခင်နှင့်ကယ်တင်ရှင် အဖြစ်လက်ခံ ပါ။ ထိုနည်းအားဖြင့်သာ သင့်အပြစ်နှင့်နာမခံခြင်းများကိုဘုရားသခင်ခွင့်လွှတ်တော်မူ မယ်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သင်သည် ဘုရားသခင်က သား/သမီးအဖြစ် လက်ခံတော်မူမယ်။ သေလွန်သည့် နောက်ပိုင်းတွင် ကောင်းကင်ဘုံ၌ ထာဝရအသက် စံစားဘို့ရန် ဘုရားသခင်က အာမခံချက်ပေးတော်မူတယ်။

လူသားတို့သည် ဘုရားသခင်ကို မရွေးချယ်ဘဲ လျစ်လျူရှုတတ်ကြတယ်။ အချို့က “တစ်ခုခု” တော့ရှိမှာဘဲဟု ယုံကြည်ကြသော်လည်း ထိုအရာကို တွေ့ရှိအောင် ဒုက္ခခံ၍ မရှာဖွေချင်ကြဘူး။ သိပ္ပံပညာကပေးသော အသက်ဇီဝ အကြောင်းကိုဘဲ ယုံကြည် လက်ခံ ကြတယ်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ယခုဘဝနှင့် နောင်ဘဝ၌ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

သင့် ရွေးချယ်ခြင်းကား ဘာလဲ။

ဟုတ်ကဲ့၊ ယခုအကျွနု်ပ်ရွေးချယ်ခြင်း ပြုလုပ်ချင်ပါတယ်။
ဟုတ်ကဲ့၊ ယခုအကျွနု်ပ်ရွေးချယ်ခြင်း ပြုလုပ်ချင်ပါတယ်။
လက်မခံဘူး၊ ကမ်းလှမ်းချက်အပေါ် ကျေးဇူးတင်ပါတယ်။



အသင်းတော်မျာ

အသင်းတော်မျာ

သင်သည် ခရစ်ယာန်ဖြစ်လာပါက ဒေသန္တရအသင်းတော်နှင့် အဆက်အသွယ်ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ မိမိဒေသ၌ အသင်းတော်မရှိပါက အခြားခရစ်ယာန်တစ်ယောက်ကို ရှာပြီးအသင်းတော်စ၍တည်ထောင်ပါ။ ယေဘူယျအားဖြင့် အသင်းတော်ဆိုသည်မှာ ကမ္ဘာတစ်ဝှမ်းလုံး၌ရှိကြကုန်သောခရစ်ယာန်အပေါင်းစုကို ဆိုလိုပါတယ်။ ဒေသန္တရအဆင့်နှင့် ဆိုရင်ခရစ်ယာန်များစုဝေးပြီး ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ကာ ချီးမွမ်းထောမနာပြုသော နေရာ ဘုရားရှိခိုးကျောင်းကိုလည်း...
ဗတ္တိဇံမင်္ဂလာ

ဗတ္တိဇံမင်္ဂလာ

ဗတ္တိဇံ မင်္ဂလာဆိုသည်မှာ မိမိသည် သခင်ယေရှု၏ စစ်မှန်သော တပည့်တော်ဖြစ်ခြင်းကို အခြားသောလူများထံသို့ပြ သသော “ပြင်ပ လက္ခဏာ” ဖြစ်ပါတယ်။ ဗတ္တိဇံမင်္ဂလာခံယူခြင်းသည် ရိုးစင်းလေးပါ။ ရေထဲ၌ မတ်တပ်ရပ်၍ဖြစ်စေ၊ ထိုင်၍ဖြစ်စေ ဒူးထောက်၍ဖြစ်စေ အစပြုပါတယ်။ ထိုနောက်အခြားသောခရစ်ယာန်တစ်ယောက်က သင့်အားရေထဲသို့...
ဆုတောင်းပဌနာပြုခြင်

ဆုတောင်းပဌနာပြုခြင်

ဆုတောင်းပဌနာပြုခြင်း ဆိုသည်မှာ ဘုရားသခင်ထံတော်ပါးသို့ (ဘုရားသခင်နှင့်) စကားပြောခြင်းဖြစ်ပါတယ်။ သင်၏ဆုတောင်းခြင်းသည် ဘုရားသခင်က တိုက်ရိုက်အဖြေပေးတော်မမူသော်လည်း သင်၏ဆုတောင်းခြင်းကို ဂရုစိုက်စွာ နားညောင်းတော်မူသည်ကို တွေ့ကြုံခံစားပါလိမ့်မယ်။ ဘုရားသခင်ထံဆုတောင်းသောအခါ စိတ်ရင်းမှန်ကန်ဖြောင့်မတ်စွာနေပါ။ (ဟေဗြဲသြဝါဒစာ ၁ဝး၂၂)။ သင်ဘာလုပ် တယ်ဆိုတာ ကိုယ်တော်သိတော်မူပါတယ်။ ဘုရားသခင်သည်...
သန့်ရှင်းသော ၀ိဉာဉ်တော်

သန့်ရှင်းသော ၀ိဉာဉ်တော်

ဘုရားသခင် ၌ပုဂ္ဂိုလ်သုံးပါး ပါဝင်တော်မူကြောင်းကျမ်းစာ ကအတိအလင်း ဖေါ်ပြထားပါတယ်။ ဤအရာကို တြိနတိ (သုံးပါးတစ်ဆူဘုရား) ဟုခေါ်ပါတယ်။ ကျွနု်ပ်တို့လူသားများ အနေဖြင့် လူတစ်ယောက်သည် ပုဂ္ဂိုလ်သုံးပါးနှင့် ဖွဲ့စည်းထားတယ် ဆိုတာနားလည်လို့ ခက်ပါတယ်။ ထိုကဲ့သို့သော ပုဂ္ဂိုလ် ကျွနု်ပ်တို့ မသိဘူးသောကြောင့်...
ယေရှုဘုရားသခင်၏ သားတော်

ယေရှုဘုရားသခင်၏ သားတော်

အဘယ်ကြောင့် ယေရှုကို “ဘုရားသခင်၏သားတော်” ဟု ခေါ်ရသလဲ။ ယေရှု ကိုယ်တော်တိုင်က မိမိကိုယ်မိမိ ဘုရားသခင်၏သားတော် ဟုခေါ်တော်မူတယ်။ လူတွေက၊ “သင်သည် ဘုရားသခင်၏ သားတော်မှန်ပါသလော” ဟုမေးကြသောအခါ ယေရှုက၊ “သင်တို့ဆိုသည့်အတိုင်း မှန်သည်” ဟုမိန့်တော်မူ၏။ (ရှင်လုကာခရစ်ဝင်ကျမ်း...
သမ္မာကျမ်း၊ ဘုရားသခင်၏ကျမ်းစာတော််မြတ်

သမ္မာကျမ်း၊ ဘုရားသခင်၏ကျမ်းစာတော််မြတ်

သမ္မာကျမ်းသည် သာမညစာအုပ်မဟုတ်ပါ။ စင်စစ် သမ္မာကျမ်းသည် စာအုပ်တစ်အုပ်မဟုတ်ဘဲ (၆၆)အုပ် ပါရှိသော စာကြည့်တိုက်ဖြစ်ပါတယ်။ သမ္မာကျမ်းထဲ၌ သမိုင်းဝင်စာအုပ်များ၊ အတ္ထုပ္ပတ္တိများ၊ ကဗျာလကာင်္ သီချင်းများ၊ အနာဂတ်ကြိုတင်ဟောချက်များ၊ သြဝါဒစာစောင်အစရှိသည်များ ပါဝင်ပါတယ်။ သမ္မာကျမ်းသည် ရှေးဟောင်း ကျမ်းဂန်် တစ်အုပ်လည်းဖြစ်ပါတယ်။...