ထိုဒီဇိုင်းဆွဲသူက နာမည်ရှိတယ်

ထိုဒီဇိုင်းဆွဲသူက နာမည်ရှိတယ်

ဖန်ဆင်းရှင်အကြောင်း ကြားဘူးရဲ့လား။ သူသည်နာမည်ရှိမလား။ ဤအရာသည် သင့်အတွက် အံ့အားသင့်စရာ မဟုတ်ဘူးထင်တယ်။ ဤဖန်ဆင်းရှင်သည် လူသိများသော နာမည် ရှိပါတယ်။ နာမတော်မူကား ဘုရားသခင်ဖြစ်ပါတယ်။၁ဘုရားသခင်အကြောင်းကို စဉ်းစားဖူးမယ်ထင်ပါတယ်။ သင်ယူဆသော ဘုရားသခင်၏ပုံသဏ္ဍာန်တော်သည် မှန်ကန် သောယူဆချက်ဟုတ်မဟုတ်ဆက်လက်၍ ဖတ်ရှုပါ။

ဘုရားသခင်သည် စက္ခုအာရုံအားဖြင့်ကြည့်မြင်လို့ မရတာကို သင်အံ့သြလိမ့်မည်။ ယခုဘုရားသခင်ကို ဘယ်လို ကြည့်မြင်လို့ရမလဲ။ ကိုယ်တော်သည် သက်ရှိသတ္တဝါအားလုံးထဲမှာ အထွတ်အထိပ်ဖြစ်တော်မူတယ်။ နေမင်းကြီးသည် မျက်စိအကာအကွယ်မရှိဘဲ ကြည့်ရှုလို့ခက်သကဲ့သို့ နေမင်းကြီးကို ဖန်ဆင်းတော်မူသော ဘုရားသခင်အား မျက်စိ အကာအကွယ်မရှိဘဲ ကြည့်ရှုဖို့ ဘယ်လောက်ခက်မလဲ။

ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသောကြောင့် ကိုယ်တော်ရှိတော်မူခြင်းကို ဖန်ဆင်းတော်မူသောအရာများနှင့် သဘာဝနိယာမအားဖြင့် သိရှိနိုင်ပါတယ်။

အကယ်၍သင်သည် ဘုရားသခင်ကို တိုက်ရိုက်ကြည့်မြင်နိုင်ပါကသင်၏လွတ််လပ်စွာ ရွေးချယ်ခြင်းသည် ရွေးချယ်ခြင်း မဟုတ် ဖြစ်သွားပါမယ်။ သင်သည် အလိုအလျောက်ဘုရားသခင်အားနာခံသောသူ ဖြစ်ပါလိမ့်မယ်။ ဘုရားသခင်ကို မမြင်နိုင်သောအခြေအနေ၌ သင်၏မှန်ကန်သော ဗီဇသည်ပေါ်လွင်ထင်ရှား၍လာမယ်။

ပို၍ကြီးမားသော စီမံချက်အကြံအစည်

ကျွန်ုပ်တို့၏ လွတ်လပ်စွာရွေးချယ်ခြင်းသည် ဘေးဒုက္ခပေးသော အရာသဘွယ် ဖြစ်လာတယ်။ အကြောင်းမူကား လူတိုင်း ဘုရားသခင်၏ ပညတ်ချက်စည်းမျဉ်းများကို မလိုက်နာဘဲနေကြတယ်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘယ်သူမျှဘုရားသခင်၏ရှေ့မှောက်တော်၌ ဖြောင့်မတ်စွာရပ်တည်နိုင်မှာ မဟုတ်ဘူး။

ဤအကြောင်းကို ပို၍ရှင်းပြချင်ပါတယ်။ ဘုရားသခင်၏ စီမံချက် အကြံအစည်တော်ကို နာမခံခြင်း၏ ရလဒ်သည် ပြစ်ဒဏ်ပေးခြင်းဖြစ်ပါတယ်။ အချို့သောလူတို့သည် ရာပေါင်း သို့မဟုတ် ထောင်နှင့်ချီ၍ လူသတ်ကြတယ်။ ထိုသို့သော လူသတ်သမားကို တရားစီရင်၍ပြစ်ဒဏ်ပေးဖို့ထင်ရှားပါတယ်။ သို့သော်သေးငယ်သော ကြူးလွန်ခြင်းနှင့် လူသတ်မှုကဲ့သို့သော ခွင့်လွှတ်၍မရသည့် ကြီးလေးသော အပြစ်ကြူးလွန်ခြင်း၏ နယ်နိမိတ်ကဘာလဲ။

အထက်ကရှင်းပြခဲ့သည့် အတိုင်းဖန်ဆင်းရှင်ဘုရားသခင်သည် လာဘ်ထိုးလို့မရ “ဖြူ-မည်း” ဘုရားဖြစ်တော်မူတယ်။ ဖန်ဆင်းတော်မူထားသော အရာများသည် သူတို့၏လွတ်လပ်စွာ ရွေးချယ်ခြင်းကြောင့်မိမိကိုယ် ကြိုးကိုရွေးချယ်ဖို့ရန် စိတ်ကိုင်းညွှတ်ကြပြီး၊ လွတ်လပ်စွာ နေချင်ကြတယ်။

အသေးငယ်ဆုံးသောကြူးလွန်မှုကြောင့် သင်သည် မစင်ကြယ်သောသူဖြစ်လာပြီး စင်ကြယ်ပြည့်စုံတော်မူသော ဘုရားသခင်နှင့် ထိပ်တိုက်တွေ့ဆုံ နိုင်မှာ မဟုတ်ဘူး။ ဤပြဿနာကို သင်ကိုယ်တိုင်ဖြေရှင်းနိုင်သော နည်းလမ်း မရှိပါဘူး။

သို့သော်သင်၏ ဒီဇိုင်းနာ ဘုရားသခင်သည် သင့်အားဘယ်ကဲ့သို့ ဂရုစိုက်တော်မူသလဲ။ သင်သည် ကိုယ်တော့် ဖန်ဆင်းတော်မူသော လူသတ္တဝါဖြစ်ပါတယ်။ သင်သည် ကိုယ်တော်၏လက်ရာတော်ဘဲ! ဘုရားသခင်သည်စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူခြင်းသည် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ဖန်ဆင်း ထားသော အရာများထံသို့ ဖော်ပြဖို့ရန်ဖြစ်ပါကသင့်ကို လည်းဖော်ပြဖို့မဟုတ်ဘူးလား။

ဘုရားသခင်သည် သင့်အား ဘာကို ဝေငှတော်မူချင်သလဲ။ ထိုသို့ ဝေငှတော်မူခြင်းသည် သင်သည် ဘုရားသခင်က လိုအပ်လို့မဟုတ်ဘဲ၊ ချစ်တော်မူသောကြောင့် မဟုတ်ဘူးလား။ ထိုသို့ဆိုရင် ဤကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ။ ဘုရားသခင်၏စီမံချက် အကြံအစည်တော်ကို နောက်မှာ ပို၍အသေးစိတ်တွေ့ရှိလာမှာ ဖြစ်ပါတယ်။

ကြီးမားသောပြဿနာ

တစ်ယောက်သောသူက သင့်အားစော်ကားကဲ့ရဲ့လာတဲ့အခါ သင်သည် ပြင်းထန်စွာ ဒေါသအမျက်ထွက်ပါက သင်နှင့် သူအကြားပေါင်းသင်း ဆက်ဆံခြင်းသည် ပျက်ပြားသွားပါမယ်။ ဝမ်းနည်းခြင်းကိုဘဲ မျှော်လင့်ရတော့မယ်။ ထိုနည်း တူစွာ တစ်ခုခုသည် ပျက်စီးခဲ့သော် အစားထိုးဖို့လိုအပ်ပါတယ်။ ဥပဒေကို ကျူးလွန်သောအခါ ပြစ်ဒဏ်ပေးဖို့လိုပါ တယ်။ ကျူးလွန်မှုကြီးလေလေ ပြစ်ဒဏ်ပေးခြင်းလည်းကြီးလေလေဖြစ်ပါတယ်။

ကျွန်ု်ပ်တို့လူသားများသည် လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့် ရှိပြီး မကောင်းသောအရာ လုပ်ဖို့ရွေးချယ် တတ်ကြသော ကြောင့် ဘုရားသခင် သတ်မှတ်တော်မူသော နာခံခြင်းအဆင့်ကို မရောက်ရှိနိုင်ဘဲ ကိုယ်တော်၏ စီမံချက် အကြံ အစည်တော်၌ မထိုက်တန်ကြပါဘူး။

ဘေးပတ်ဝန်းကျင်ကို ကြည့်ပါ… ပြည့်ဝစုံလင်သောသူ တစ်စုံတစ်ယောက်တွေ့ရှိိပါသလား။ အချို့သော သူတို့သည် ကောင်းသောသူများဟု ထင်မြင်ကြပါတယ်။ သို့သော်သူတို့ အကြောင်းကို ပို၍သိရှိလေလေ သူတို့၌လည်း အားနည်း ချက်မှာ ရှိကြသည်ကို ပို၍တွေ့ရှိလေလေဖြစ်ပါမယ်။ ထို့ကြောင့် ပေါင်းသင်းဆက်ဆံခြင်းကို ပြန်လည် တည်ထောင် ဖို့ရန် လိုအပ်သောအခကြေးငွေကို မပေးဆောင်နိုင်ပါက ဘာဖြစ်သွားမလဲ။

ယနေ့အတွက် စဉ်းစားရန်

•ထိုပြဿနာကို သင်သိရှိပြီလား။ ဘုရားသခင်ကို စိတ်ဆန္ဒလေးနက်စွာဖြင့် ရိုသေလေးစားသော သူတစ်စုံတစ် ယောက်ရှိပါသလား။ သို့မဟုတ် လူတိုင်း၏ ဇာတိပကတိသည် မိမိကိုယ်မိမိဂရုစိုက်ကြည့်ရှုတတ်ပြီး မိမိအကျိုးကိုဘဲ ရှာကြံတတ်သောသူဖြစ်ကြသလား။
•ဘုရားသခင်အား မနာခံသောသူ ဖြစ်ခြင်းမှ မိမိအားနည်းချက်များနှင့် မကောင်းမှုများကို ဘယ်လိုပြုပြင်နိုင်မလဲ။
•ကြီးမားသော ဘုရားသခင်၏ စီမံချက်အကြံအစည်တော်နှင့် သင်သည် ဘယ်လိုထိုက်တန်နို်င်မလဲ။

ဤအကြောင်းအရာကို နေ့ ၅ ၏ကျန်ရှိနေသေးသော အချိန်များ၌ စဉ်းစားပြီး ကျေးဇူးပြု၍ မနက်ဖြန်ပြန်လာပါ။

တစ်နေ့လျှင် 06 ကိုဆက်လက်