ဘဝအသက်တာ၏အဓိပ္ပါယ်

ဘဝအသက်တာ၏အဓိပ္ပါယ်

ဤဒီဇိုင်းနာက သင့်အားစိတ်ဝင်စားသည် စိတ်မဝင်စားသည်ဟူသော မေးခွန်းကို ဆက်လက်မစဉ်းစားမီ ဒီဇိုင်းနာ အကြောင်းနှင့် သူ့စီမံချက် အကြံအစည်များကိုပို၍တွေ့ရှိနိုင်အောင် ကြိုးစားကြစို့။

စကြာဝဠာ၊ ကမ္ဘာမြေကြီးနှင့် ရှိရှိသမျှသော အရာများကို ဖန်ဆင်းဖို့ ဒီဇိုင်းနာအတွက် ဘာဖြစ်လို့ လိုအပ်သလဲ။ အရင်အခြေအနေ၌ မကျေနပ်ဘူးလား။ သူသည်ထိုအခြေအနေကို ငြီးငွေ့ပြီး အခြားစွန့်စားမှုကို ရှာဖွေမလား။ သူသည် စွန့်စားသောသူဖြစ်သည့် အားလျော်စွာ သူကိုယ်တိုင်တောင်အံ့အားသင့်စေသောအရာကို ပြုလုပ်မည်လော။

သူဖန်ဆင်းထားသော အရာတို့သည် ကျေနပ်ပျော်ရွင်စရာ မဖြစ်သည်ကို မြင်တွေ့သည့်နောက်ပိုင်း ထိုအရာ အားလုံး ကိုဘာဖြစ်လို့ မဖျက်ဆီးတာလဲ။

သူ့စီမံချက်အကြံအစည်သည် ဤအရာများထက် ကြီးမားမယ်လား။ ကျွနု်ပ်တို့ တွေးတောနိုင်သည်ထက်ပို၍ ကြီးမား မယ်လား။ ထိုစီမံချက် အကြံအစည်သည် ဘာနှင့်တူမလဲ။ ထိုအရာကို ကျွနု်ပ်တို့ဘယ်လိုတွေ့ရှိနိုင်မလဲ။

ကြီးမားသော စီမံချက်အကြံအစည်?

ဒီဇိုင်းနာသည် သူ၏မြင့်မြတ်ဘုန်းကြီးခြင်းကို ဖန်ဆင်းထားသော အရာများထံသို့ မျှဝေငှဖို့ရန်ဘာများပြုလုပ်ခဲ့သလဲ။

ဖန်ဆင်းထားသောအရာများက မိမိဖန်ဆင်းရှင်အားကြည်ညိုလေးစားခြင်းနှင့် ကျေးဇူးတင်ခြင်းကို ဘယ်လိုဖော်ပြ နိုင်မလဲ။ ဖန်ဆင်းရှင်က ပေးထားသော လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်က ခြားနားချက်ဖြစ်ပေါ်စေတယ်။ ဖန်ဆင်း ထားသောအရာက ဖန်ဆင်းရှင်ကို ရွေးချယ်လက်ခံကာ ကြည်ညိုလေးစားနိုင်တယ်၊ သို့မဟုတ် ငြင်းပယ် နိုင်တယ်။ ထိုသို့ ငြင်းပယ်ခြင်းသည်ဖန်ဆင်းရှင်ကို စိတ်ကူး၍ရသော မထီမဲ့မြင်ပြုခြင်းမှာ အကြီးမားဆုံးဖြစ်မယ်။ ထိုအချင်း အရာသည် ကလေးက မိမိမွေးသမိခင် ရှိတယ်ဆိုတာ ငြင်းပယ်ခြင်းနှင့် သဘောချင်း အတူအတူပင် ဖြစ်တယ်။

စိတ်ကူးတွေးတော၍ မရလောက်အောင်မြင့်မြတ်သော ဖန်ဆင်းရှင်၏ ရှေ့မှောက်၌ ဘယ်လိုမတ်တပ်ရပ်နိုင်မလဲ။ ဒီဇိုင်းနာသည် စုံလင်၍ကျင့်ဝတ်ဖြူစင်တယ်။ ဤအချက်သည် ပတ်ဝန်းကျင်ကို ကြည့်သောအခါ သိသာ ထင်ရှား ပါတယ်။ ထို့ကြောင့်ဖန်ဆင်းထားသော အရာများထံမှ စုံလင်ခြင်းကို တောင်းဆိုပါတယ်။ ဖန်ဆင်းရှင်သည် မပြောင်းမလဲသောသူ၊ ဖြူစင်စုံလင်သောသူ မဟုတ်ပါက စကြာဝဠာတစ်ခုလုံးသည် ဖရိုဖရဲ ကမောက်ကမ ဖြစ်သွားနိုင်တယ်။

ကျွနု်ပ်တို့တွေ့ကြုံသည့်အတိုင်း သဘာဝယန္တရားကြီးသည်မှန်ကန်သပ်ရပ်သော စည်းစနစ်ရှိပါတယ်။ အရာခပ်သိမ်း တို့သည် စည်းမျဉ်းနိယာမ အမျိုးမျိုး၌ ပုံမှန်လည်ပတ်နေကြတယ်။ သက်ရှိသတ္တဝါများသည် ပျက်ဆီးမသွားအောင် သဘာဝ တရားက အကာအကွယ်ပေးတယ်။ ဤသဘာဝနိယာမကြီးကို ပြောင်းလဲပေးလို့မရ၊ ဖျက်ဆီးလို့လည်း မရဘူး။ ထိုသို့ပြုလုပ်ပါက ဖွဲ့စည်းမှု စည်းစနစ်တစ်ခုလုံး ပြိုကွဲသွားပါမယ်။

ဤသဘာဝစည်းမျဉ်းနိယာမ အားလုံးထဲမှာ တစ်ခုခုအမှားအယွင်းရှိခဲ့ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက် “ပြစ်ဒဏ်ပေးခြင်း” က အလိုအလျောက်လိုက်လာပါမယ်။ ဤအရာသည် သက်ရှိသတ္တဝါများ၏ အခြေအနေအားဖြင့် သိရှိနိုင်ပါတယ်။ ဥပမာ၊ ကမ္ဘာ့ဆွဲငင်အားကို ဖီဆန်လို့ မရပါဘူး။ ကမ္ဘာ့ဆွဲငင်အားကို လာဘ်ထိုးလို့လဲမရပါဘူး။ ကမ္ဘာ့ဆွဲငင်အားနှင့် ကိုက်ညီအောင် နေထိုင်ဖို့ လိုအပ်ပါတယ်။

ဒီဇိုင်းနာနှင့် ပေါင်းသင်းဆက်ဆံသော အခါ၌လည်း ထိုနည်း၄င်းဘဲ ဖြစ်ပါတယ်။ သင်သည်ဖန်ဆင်းရှင်ကို လျစ်လျူရှုပြီး သူ့စီမံချက်အကြံအစည်ကို နာမခံပါက သင်သည်အသုံးမဝင်သောသူ ဖြစ်ပါမယ်။ လယ်သမားက ပေါင်းပင် မြက်ပင် များကို နှုတ်ပစ်ပြီးအသီးအပွင့် ရိတ်သိမ်းရန် မျှော်လင့်သောကောက်ပဲသီးနှံ အပင်များကိုသာ ရှင်သန်စေခြင်းနှင့် အတူတူပင်ဖြစ်ပါတယ်။

ဖန်ဆင်းရှင်သည် ပြတ်သားလှတယ်။ ကောင်းသောအရာကို ကောင်းသည် ဟူ၍၄င်း၊ မကောင်းသောအရာကို မကောင်း ဟုပြောတတ်တယ်။ သူ့ကို လာဘ်ထိုးလို့မရဘူး။ ဤအချင်းအရာကိုလည် ကျွနု်ပ်တို့ကို စိုးမိုးနေသော သဘာဝနိယာမနှင့် သဘောချင်းတူညီသည်ဟု နိဂုံးချုပ်နိုင်ပါတယ်။

ထိုစီမံချက်အကြံအစည်၌သင်ပါဝင်ပါသလား

မိိမိဒီဇိုင်းနာအား ငြင်းပယ်ခြင်းက တရားစီရင်ခြင်းကို တိုက်ရိုက်ဖြစ်ပေါ်စေမယ်။ လွတ်လပ်စွာရွေးချယ်ခြင်း ဆိုတာ ဘာလဲ။ လောက၌ အသက်ရှင်စဉ် ရွေးချယ်ခြင်းကို ပြုလုပ်နိုင်တယ်။ သို့သော်၊ တစ်နေ့နေ့ကျတော့ အချိန်ကုန်သွား မှာပဲ။ ဖန်ဆင်းထားသောအရာက ဖန်ဆင်းရှင်ကို ငြင်းပယ်ခဲ့သော် ထိုဖန်ဆင်းထားသော အရာသည် နောက်ဆုံး၌ အသုံးမဝင်သောသူ ဖြစ်ပါမယ်။

ဤစီမံချက်အကြံအစည်၏ အပြင်ဘက်၌ နေသောသူများဖြစ်သည့် သင့်ပတ်ဝန်းကျင်ရှိလူတွေ့ရဲ့ဘဝရလဒ်ကို ကြည့်ပါ။

အဘယ်ကြောင့် ချမ်းသာသောသူများ၊ နာမည်ကျော်ပုဂ္ဂိုလ်များနှင့် ကျန်းမာသောသူများတောင်မှ သူတို့၏ ဘဝ အသက်တာ၌ မကျေမနပ်ဖြစ်ကြသလဲ။

အဘယ်ကြောင့် အချမ်းသာဆုံးသောသူများနှင့် သြဇာအာဏာအကြီးမားဆုံးသောသူများသည်လည်း သူတို့၏ဘဝ ရပ်တည်ချက်၌ မကျေမနပ် ဖြစ်ကြသလဲ။

ဥစ္စာပစ္စည်းများ ကြွယ်ဝစွာ ရရှိခြင်း၏ ပန်းတုံးတိုင်ရောက်ခြင်းက လူကို လုံးဝကျေနပ်ရောင့်ရဲစေသလား။ အဘယ်ကြောင့် လူတို့သည် သေဖို့ ကြောက်လန့်ကြသလဲ။ အသက်ဇီဝကုန်ဆုံးသွားခြင်း တစ်ကြောင်းကြောင့်လား။

ယနေ့အတွက် အောက်ဖော်ပြပါ အချက်များကို စဉ်းစားပါ။

•ဒီဇိုင်းနာ၏ စီမံချက်အကြံအစည်ကို ကောင်းစွာသိရှိပြီလား။
•ဤစီမံချက် အကြံအစည်သည် သင်နှင့်ကိုက်ညီပါသလား။
•လူ့လောက အသက်ကုန်ဆုံးသည့် နောက်ပိုင်းတွင် မယုံနိုင်ဖွယ်ရာ ဖြစ်သောဒီဇိုင်းနာ၏ ရှေ့မှောက်၌သင် ရပ်တည်နိုင်မလား။
•ဒီဇိုင်းနာနှင့် သင့်အကြားပေါင်းသင်းဆက်ဆံခြင်းကို လေးနက်စွာ စဉ်းစားပါ။

မနက်ဖြန်ပြန်လာဖို့ ကြိုဆိုပါတယ်။

တစ်နေ့လျှင် 05 ကိုဆက်လက်