ကမ္ဘာမြေကြီးပေါ်၌ သက်ရှိသတ္တဝါစတင်ပေါ်ပေါက်လာခြင်

ကမ္ဘာမြေကြီးပေါ်၌ သက်ရှိသတ္တဝါစတင်ပေါ်ပေါက်လာခြင်

သက်ရှိသတ္တဝါစတင်ပေါ်ပေါက်လာခြင်းမှ အစပြုကြစို့။ သက်ရှိသတ္တဝါစတင်ခြင်းနှင့် ပတ်သက်၍ ကျွနု်ပ်တို့ ဘာတွေ့ ရှိခဲ့သလဲ။

၁၉၆၆ခုနှစ်တွင် နက္ခတ္တဗေဒပညာရှင် ခါးလ်ဆာဂန် (Carl Sagan) က ဂြိုလ်တစ်လုံး၌ သက်ရှိသတ္တဝါတည်ရှိနိုင်ဖို့ရန် အထောက်အကူပြုသော အရေးကြီးသည့် တိုင်းတာချက်စံညွှန်းနှစ်မျိုးဖြစ်သည့် မှန်ကန်သောကြယ်အမျိုးအစား (စွမ်းအင်ရစ်မြစ်)နှင့် ထိုကြယ်၏ မှန်ကန်သော အကွာအဝေး (အအေး/အပူလွန်ကဲခြင်းမှ ကာကွယ်ရန်) တို့ကို တွေ့ရှိခဲ့တယ်။

စကြာဝဠာအတွင်း၌ ဤစံညွှန်းနှင့် ကိုက်ညီသော ဂြိုလ်အလုံးပေါင်း ၁,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှိသည်ဟု တွက်ချက်ခဲ့တယ်။

၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ဘာဖြစ်ပျက်ခဲ့သလဲ။ စကြာဝဠာအကြောင်းကို ပို၍ကျွနု်ပ်တို့သိရှိလာတယ်။ ထိုသို့ သိရှိလေလေ သက်ရှိသတ္တဝါတည်ရှိနိုင်ရန််လိုအပ်သော စံညွှန်းများ ပို၍တွေ့ရှိလေလေဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အသက်ရှင်ဖို့ အလားအလာ မရှိဘူးလား။

ခါးလ်ဆာဂန်တွေ့ရှိသော တိုင်းတာချက်စံညွှန်း (ပါရာမီတာ) နှစ်မျိုးသည် အမျိုး(၁၀) သို့တိုးတက်ပြီး၊ နောက်မှာ (၂၀)၊ ထို့နောက် (၅၀) အထက်တောင် တွေ့ရှိလာခဲ့တယ်။ ထို့ကြောင့် သက်ရှိသတ္တဝါတည်ရှိနိုင်မည်ဟု ယူဆသော ဂြိုလ်အရေအတွက်သည် တဟုန်ထိုးကျဆင်းခဲ့တယ်။

စင်စစ်မည်သည့် ဂြိုလ်ကမျှ- ဤကမ္ဘာမြေကြီးကတောင်မှ- ပင်ကိုယ်သဘာဝအားဖြင့် အသက် မပေးနိုင်ဘူး။ အရေး ကြီးသော တိုင်းတာချက်စံညွှန်းများအရဆိုရင်

ကျွနု်ပ်တို့အသက်ရှင်နိုင်ဖို့နည်းလမ်းမရှိဘူး။သို့သော်ကျွနု်ပ်တို့ အသက်ရှင်နေတာဘဲ။

ဤအရားအားလုံးကို သိရှိနားလည်လာသောအခါ သက်ရှိသတ္တဝါ တည်ရှိနိုင်သော အခြားဂြိုလ် မတွေ့ရှိဘူးဆိုတာ အံ့အားသင့်စရာ မဟုတ်ပါဘူး။

ရှိပါသေးတယ်

သက်ရှိသတ္တဝါတည်ရှိနိုင်ခြင်းအထောက်အပံ့ပေးနိုင်ရန်ဂြိုလ်တစ်လုံးအတွက် လိုအပ်သော ထူးခြားအသွင် လက္ခဏာ (ပါရာမီတာ) များ ၂၀၀ ထက် မကတွေ့ရှိပြီးဖြစ်ပါတယ်။ အရာတိုင်းသည် တိကျစွာ ကိုက်ညီဖို့လိုတယ်။ ထိုသို့ မဟုတ်ပါက အရာအားလုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလိမ့်မယ်။

ဥပမာ။ ကြီးမားသောကြာသပတေးဂြိလ် [Jupiter]သည် ကမ္ဘာမြေကြီးနှင့် မလှမ်းမဝေး၌တည်ရှိရန်လိုအပ်တယ်။ ဤဂြိလ်၏ ဆွဲငင်အားက ဂြိုလ်သိမ်ဂြိုလ်မွှားများကို ကမ္ဘာမြေကြီးနှင့် မတိုက်မိအောင် ဆွဲငင်ကွယ်ပျောက်စေတယ်။

စကြဝဠာအတွင်းရှိ အသက်ကို ဆန့်ကျင်သောအရာများသည် မယုံနိုင်ဘွယ်သော အရာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဒို့တတွေ အသက်ရှင်တည်ရှိကြပါတယ်!

ကျွနု်ပ်တို့အသက်ရှင်တည်ရှိယုံသာမက အသက်ရှင်ခြင်း အကြောင်းကို ဆွေးနွေးပြောတတ်ကြတယ်။ အသက်ရှင်ခြင်း ဘယ်လိုဖြစ်လာသလဲ။ ထူးခြား အသွင်လက္ခဏာ (ပါရာမီတာ) များသည် ဤကမ္ဘာမြေကြီးပေါ်၌ တိကျစွာ တည်ရှိ ခြင်းသည် ကံတရားကြောင့်လား။

ကမ္ဘာပေါ်၌ သက်ရှိသတ္တဝါတည်ရှိခြင်းသည် ကံတရားအလျောက် ဖြစ်သောအရာမဟုတ်ကြောင်း ဘယ်အချက်၌ လက်ခံ သင့်သလဲ။ အထူးသဖြင့် ဂြိုလ်တစ်လုံး၌ သက်ရှိသတ္တဝါတည်ရှိှိနိုင်ရန် လိုအပ်သော ကိုက်ညီချိန်ညှိခြင်းသည် စကြဝဠာတစ်ခုလုံး ကိုက်ညီ ချိန်ညှိခြင်းထက်ပို၍ “လွယ်ကူ” တယ်။ (၁)

သိပ္ပံပညာရှင်များက အကုန်အစင်မရှင်းပြနိုင်ဘူး။ဤတိကျသော အခြေအနေများသည် လိမ္မာပါးနပ်သော ဉာဏ်ပညာရှိသူက ဖန်ဆင်းသည်ဟု ယူဆပါက ပို၍ ယုတ္တိ မရှိဘူးလား။ သို့မဟုတ် မပြည့်စုံသော သိပ္ပံပညာ၏ ရှင်းပြချက်များ၌သာကျေနပ်နေသေးသလား။သင်အံ့အားသင့်မိပါသလား။

တစ်နေ့ 2 ကိုဆက်လက်

(၁)ဥပမာ။ ကြယ်တာရာတို့ ၏ ဓါတု၊ ရူပအခြေအနေကို လေ့လာသော သိပ္ပံပညာရှင် များ (astrophysicists) ကစွမ်းအားလေးခု (ဆွဲငင်အား၊ လျှပ်စစ်သံလိုက်ဓာတ်အားနှင့် အပြင်းနှင့် အပျော့ အဏုမြူစွမ်းအား) တို့၏ စံနှုန်းသည် ကြီးမားသော ကောင်းကင်ယံ ပေါက်ကွဲခြင်း (big bang) နောက်ပိုင်းတွင် တစ်စက္ကန့်၏ တစ်သန်းပိုင်း တစ်ပိုင်းထက်နည်း၍ သတ်မှတ်ထားသည်ကို တွေ့ရှိကြတယ်။ တစ်ခုခု၏ စံနှုန်းကို ပြောင်းလဲမည်ဆိုပါက စကြာဝဠာ တစ်ခုလုံး တည်ရှိနိုင်မည်မဟုတ်။ ဥပမာ။ ပြင်းသော အဏုမြူ စွမ်းအားနှင့် လျှပ်စစ်သံလိုက် ဓာတ်အားအချိုးအစား သည် အသေးငယ်ဆုံးသော အစိတ်အပိုင်း ( ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ပိုင်း တစ်ပိုင်းကိုတောင် ဖြုတ်ပစ်ပါက ကြယ်များလုံးဝ ဖွဲ့စည်းပေါ်ပေါက် နိုင်မှာ မဟုတ်ဘူး!