သင့်ကို ဘုရားသခင်ချစ်တော်မူ၏ !

ဘုရားသခင်သည် ဖန်ဆင်းထားသော အရာများကို ချစ်တော်မူပြီး သင့်ကိုလည်းချစ်တော်မူတယ်။ ဖန်ဆင်းထားသော အရာများကလည်းကိုယ်တော်ကို ချစ်ဖို့တောင့်တတော်မူတယ်။ စင်စစ်များစွာသော လူတို့သည် မိမိဖန်ဆင်းရှင်ကို လက်မခံ မရွေးချယ်ဘဲ မိမိသဘောကျသလို အသက်ရှင်နေထိုင်ကြတယ်။ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်မှ တဆင့် လူတွေနှင့် အဆက်အသွယ်လုပ်ဖို့ရန် အလိုတော်ရှိပါတယ်။ ဘုရားသခင်၏၀ိညာဉ်တော်ကို သင့် စိတ်နှလုံးထဲ၌ လက်ခံရယူနိုင်ရန် ဘုရားသခင်အား မိမိဖန်ဆင်းရှင် အဖြစ် လက်ခံပြီး ယေရှုခရစ်တော်ကို သင်၏ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ်လက်ခံဖို့ ပထမဆုံးလိုအပ်ပါတယ်။ သင်၏လွတ်လပ်စွာ ရွေးချယ်ခြင်းကအမှန်သို့မဟုတ် အမှားကို ရွေးဖို့ ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ ရွေးစရာက တစ်ခုသာ ဖြစ်ပြီး ရှင်းလင်းလွယ်ကူပါတယ်။ အချက်အလက်များကို သိရှိနားလည်ပြီးဖြစ်ပါ၍ ရွေးချယ်ခြင်းက သင့်သဘောပဲဖြစ်ပါတယ်။ ဤအရာသည် အာမခံပေးခြင်းဖြင့် အချုပ်မှလွတ်မြောက်စေခြင်းနှင့် တူပါတယ်။ အာမခံခြင်းကို ပြုလုပ်ပါပြီ- သင်ပြုလုပ် ရမည့် အရာသည် သင်၏အပြစ်များအတွက် အဖိုးအခကို ပေးဆောင်ရန်နှင့် ထာဝရသေခြင်းမှ ကယ်တင်ရန် ဘုရား သခင်သည် သားတော်ယေရှုကို အသေခံဖို့ ပေးတော်မူခဲ့သည်ကို လက်ခံဖို့ဖြစ်ပါတယ်။ ဤအရာကို ယုံကြည်ဖို့ရန် မရွေးချယ်ဘဲ လျစ်လျူရှုပြီး ကိုယ်ကြိုက်သလို အသက်ရှင်နေထိုင်ပါက ဘုရားသခင်အား ငြင်းပယ်ရာ ကျပြီးကိုယ်တော်နှင့် ပေါင်းသင်းဆက်ဆံဖို့ရန်လည်း မဖြစ်နိုင်ပါဘူး။ ယနေ့ရွေးချယ်ခြင်းကို ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။   ဤကမ်းလှမ်းချက်ကို လက်ခံဖို့ အလိုရှိပါသလား။  ဟုတ်ကဲ့ ဆက်လက်ဖတ်ရှုချင်ပါတယ်။  ယခုလက်မခံနိုင်သေးဘူး။ ကျေးဇူးတင်ပါတယ်။

Day 7