ပြဿနာဖြေရှင်းချက်!

ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ၊ ကိုယ်တော်၏ ပညတ်စည်းမျဉ်းများသည်လည်းပြောင်းလဲခြင်းမရှိပါ။ မိမိကိုသာ အဓိကထား၍ အတ္တဆန် မစင်ကြယ်သော လူသားသည် ဘုရားသခင်၏ မျက်မှောက်တော်၌ ရပ်တည်နိုင်မလား။ ပြည့်ဝစုံလင်ခြင်းသည် မပြည့်ဝ မစုံလင်ခြင်းကို လုံးဝလက်မခံနိုင်ဘူး။ အဆိပ်တစ်စက်လေးက ခွက်တစ်ခုလုံးကို ညစ်ညမ်းစေသကဲ့သို့ ဖြစ်ပါတယ်။ ပြည့်ဝစုံလင်တော်မူသော ဘုရားသခင်သည် မပြည့်ဝ မစုံလင်သော သူမှန်သမျှ ပြစ်ဒဏ်ပေးတော်မူမယ်။ မနာခံခြင်း အပြစ်၏အခသည် သေခြင်းဖြစ်သောကြောင့် အမှားတစ်ခုပြုမိပါက သင်သည် စံညွှန်းမမီ၊ လွဲမှား၍ကျဆင်းသော သူဖြစ်ပါတယ်! ဘုရားသခင်ကို လျစ်လျူရှုခြင်းသို့မဟုတ် ငြင်းပယ်ခြင်း၏ရလဒ်သည် ဘုရားသခင်ကင်းမဲ့သော ကြောက်မက်ဖွယ် ကောင်းသည့် တမလွန်ဘ၀၌ ထာဝရသေခြင်းပင်ဖြစ်ပါတယ်။  လုံးဝသန့်ရှင်းစင်ကြယ်သောသူ ရှိနိုင်မလား။ ဖန်ဆင်းရှင်ထာဝရဘုရားသခင်၏ ပြည့်စုံခြင်း စံညွှန်းကို မီနိုင်သောသူ ရှိနိုင်မလား။ ထိုပုဂ္ဂိုလ်သည် သင်နှင့်ဘုရားသခင်အကြား ဖျန်ဖြေသူ ဖြစ်နိုင်မလား။ သင်နှင့်နောင်လာနောက်သား များအပါအ၀င် လူတိုင်း၏ အပြစ်အမှားများအတွက် အစားထိုးလျော်ကြေးပေးနိုင်သော အစေခံကျွန်ရှိနိုင်မလား။ ဘယ်ကဲ့သို့သော ပုဂ္ဂိုလ်ကထိုကဲ့သို့ ပြုလုပ်နိုင်မလဲ။ မပြည့်စုံ မစင်ကြယ်သော သာမညလူသားသည် အရည်အချင်း မပြည့်မီပါဘူး။ ထို့ကြောင့် အရည်အချင်းပြည့်မီ၍ စုံလင်သောသူ၊ အံ့ဖွယ်တန်ခိုးနှင့် စွမ်းပကားရှိသောသူဖြစ်ရမယ်။ ထိုကဲ့သို့ အံ့ဖွယ်တန်ခိုးရှိသောသူကသာ တတ်စွမ်းနိုင်ပါမယ်။ စုံလင်သောသူဖြစ်ရမယ်။ သာမန်လူသားက အစားထိုး နိုင်မှာမဟုတ်ဘူး။ တစ်ယောက်ယောက်သောသူက နှစ်ခါသုံးခါ အစားထိုးလုပ်ဆောင်ပေးချင် ပေးနိုင်မယ်။ သို့သော် ထိုပုဂ္ဂိုလ်သည် မိမိကိုယ်ရေးကိုယ်တာ ကိစ္စများ ဆောင်ရွက်ဖြေရှင်းဖို့ရန် အလုပ်ရှုပ်နေမယ်။ ထိုအခြေ အနေသည် အန္တရာယ်ဖန်တီးသော သံသရာစက်ဝိုင်းဘဲ ဖြစ်ပေါ်စေမယ်။  ဆက်လက်ဖတ်ရှုပါ။

Day 6