ဒီဇိုင်းရေးဆွဲသူ?

လွန်ခဲ့သော နှစ်ရက်တုန်းက သက်ရှိသတ္တ၀ါများ ဖွဲ့စည်းတည်ရှိနိုင်ရန် ဒီဇိုင်းမရှိဘဲနဲ့ မဖြစ်နိုင်ကြောင်း အတော်အသင့် သိရှိပြီးဖြစ်ပါတယ်။ ယခုအခါစကြာဝဠာတစ်ခုလုံးရော ဂြိုလ်များနှင့် ကမ္ဘာပေါ်ရှိသက်ရှိသတ္တ၀ါများ ပါ အသေးစိတ် … ဒီဇိုင်းများအတွက် စီမံခန့်ခွဲပေးသော ဒီဇိုင်းနာ ရှိဖို့ လိုကို လိုအပ်ပါတယ်။ ဒီဇိုင်းနာရှိတယ် ဆိုရင် ထိုဒီဇိုင်းနာ ကကျယ်ဝန်းလှသော စကြ၀ဠာကြီးကို ဖန်ဆင်းပြီး၊ ဘာဖြစ်လို့ဂြိုလ်တစ်လုံးကိုသာ ရွေးချယ်၍အံ့မခန်းလောက်အောင် အဆင့်မြင့်သက်ရှိသတ္တ၀ါကို ဖန်ဆင်းထားသလဲ။ ဤအရာများ၏ နောက်ကွယ်၌ရှိသော ကြီးမားသော ရည်ရွယ်ချက်သည် ဘာများဖြစ်မလဲ။ မေးခွန်းအချို့ပေါ်လာနိုင်ပါတယ်။ ဤဒီဇိုင်းနာက သူဖန်ဆင်းထားသော အရာများကို သူတို့၏ကံကြမ္မာအားလျှော်စွာ နေထိုင်ကြဖို့ လှစ်လျူရှုချန်ထားခဲ့မလား။ သို့မဟုတ် ဤဗိသုကာဆရာကြီးသည် သူဖန်ဆင်းထားသော အရာများကို ဆက်လက်ဂရုစိုက်သလား။ ထိုသို့ ဆိုရင် သင်ဘယ်လိုသိရှိနားလည်နိုင်သလဲ။ ကျွန်ုပ်တို့ နေထိုင်သော ဂြိုလ်၌စိတ်ဆင်းရဲစရာ ဒုက္ခအမျိုးမျိုးရှိနေသောကြောင့် ဖန်ဆင်းရှင်က သူဖန်ဆင်းထားသော အရာများကို ဆက်လက် ကြည့်ရှုစောင့်ရှောက်သည်ဟု စိတ်ကူးမှန်းဆရန်ခက်ခဲပါလိမ့်မယ်။ မဟုတ်ဘူးလား။ ဤဒီဇိုင်းနာသည် ချောမောစွာ အလုပ်လုပ်နေသော ဖန်ဆင်းထားသည့် “စက်ယန္တရား” ထက်သူသည် ဘယ်အရာ၌ စိတ်ပြင်းပြနေသလဲ။ ဖန်ဆင်းခြင်း၌ လွတ်လပ်စွာရွေးချယ်ခြင်း အပါအ၀င်ဘာစီမံချက်ရှိမလဲ။ ဖန်ဆင်းထားသော အရာများသည် သူတို့ကိုယ်တိုင်လွတ်လပ်စွာ ဆုံးဖြတ်နိုင်သောသူ၊ သူတို့ကိုယ်တိုင် တီတွင်ကြံဆနိုင်သောသူ များ အဖြစ်ဖန်ဆင်းခဲ့တယ်။ ထိုအရာသည် စိတ်ကူးယဉ်ဝတ္တုရုပ်ရှင်ကားများ၌ အသက်ရှင်လှုပ်ရှားနိုင်သော စက်ရုပ်လူသားများ နှင့် အတူတူပဲ ဖြစ်ပါတယ်! ထိုအချင်းအရာသည် အမြော်အမြင်ရှိသော ဖန်ဆင်းခြင်းဖြစ်ပါတယ်။ အလွန်စွန့်စားသော ဖန်ဆင်းခြင်း လည်း ဖြစ်ပါတယ်။ သို့သော်၊ ဖန်ဆင်းထားသော အရာတွေက ဒီဇိုင်းနာ၏စီမံချက် အကြံအစည်ကို ဆန့်ကျင်ပါက အရာအားလုံးသည် အလွဲလွဲအချော်ချော်ဖြစ်နိုင်ပါတယ်။ လွတ်လပ်စွာ ရွေးချယ်နိုင်ခြင်း အခွင့်အရေးကြောင့် ဖန်ဆင်းထားသော အရာများက ဒီဇိုင်းနာအား လျစ်လျူရှုခြင်းကို ရွေးချယ်နိုင်ပါတယ်။  ဆက်လက်ဖတ်ရှုပါ။

Day 3