ပြန်၍ကြိုဆိုပါတယ်!

သင့်ဘ၀အသက်တာ စဉ်းစားပြီးပြီလား။ သို့မဟုတ် နောက်မှာ ဘာလာမယ်ဆိုတာ ပြင်းပြသော သိလိုစိတ်နှင့် ဆက်လက်ဖွင့် (click) ကြည့်ခဲ့သလား။ သင်အသက်ရှင်တည်ရှိခြင်းနှင့် ပတ်သက်ပြီး အချို့အဖြေများတွေ့ရှိပြီလား။ သက်ရှိသတ္တ၀ါတည် ရှိနိုင်ဖို့ရန် ကြုံကြိုက်တိုက်ဆိုင်ခြင်းအားဖြင့် မဖြစ်နိုင်ကြောင်းများပြားလှသော သက်သေပြချက်များက သင့်အား စွဲလမ်း စေခဲ့သလား။ အခြားရှိသေးလား။ အသက်ဇီဝနှင့်ပတ်သက်ပြီးဘာများ ရှိသေးသလဲ။ သက်ရှိသတ္တ၀ါ တည်ရှိခြင်းသည် ကြုံကြိုက်တိုက်ဆိုင်ခြင်း သက်သက်ဖြင့် မဖြစ်နိုင်ကြောင်း သိပ္ပံပညာကပို၍ ပို၍သက်သေပြနေတယ်။ နာမည်ကျော် သိပ္ပံ ပညာရှင် ကြီး များက တောင်မှ ဒို့တတွေ အသက်ရှင်တည်ရှိခြင်းဆိုင်ရာ မေးခွန်းများ၏ အဖြေမရရှိနိုင်ကြဘူး။ မတော်တဆ မဟုတ်ပါဘူး။ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံကြိုက်တိုက်ဆိုင်ခြင်းအားဖြင့် သက်ရှိသတ္တ၀ါများ ပေါ်ပေါက်လာသည်ဟူသော ယူဆချက်သည် သုညသာဖြစ်သည် ဟုသက်သေပြခဲ့ပြီဆိုရင် ဤအရာအားလုံး၏ နောက်ကွယ်မှာ ဥာဏ်ပညာ ရှင်ရှိမှာပဲ။ ထိုဥာဏ်ပညာရှင်က ကမ္ဘာမြေကြီးနှင့် စကြ၀ဠာတစ်ခုလုံးကို ဒီဇိုင်းဆွဲပြီး ဖန်ဆင်းပါက ထိုသူသည် ဘယ်သူဖြစ်မလဲ။ ထင်မြင်ချက်ပေးမည်ဆိုပါက သင့်အတွက် ထိခိုက်စရာများ ဖြစ်မလား။ ဖြစ်နိုင်ဘွယ်ရာကို စဉ်းစားချင်ပါက ဆက်လက်ဖတ်ရှုပါ…  ဆက်လက်ဖေါ်ပြပါသည်

Day 2